top of page

Diego Rodríguez de Silva y Velázquez

ပန်းချီဆရာ ဗေးလက်စ်ကေး

ဒီပုံကတော့ ဗေးလက်စ်ကေးရဲ့ ကိုယ်တိုင်ရေးပုံတူဖြစ်ပါတယ်၊ ဒီပုံတူပန်းချီဟာ ၁၆၅၆ ခုနှစ်က ရေးဆွဲခဲ့တဲ့ Las Meninas (The Maids of Honour) ပန်းချီကားကြီးထဲက တစိတ်တပိုင်း ဖြစ်ဟန်တူပါတယ်၊  

စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ၁၉၈၀ ခုမတိုင်မီက ရေးသားခဲ့သော ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက် စာအုပ်မှာ ဖော်ပြခဲ့တဲ့ ပန်ချီဆရာ Diego Vélasquez ဗေးလက်စ်ကေး ရေးဆွဲတဲ့ ပန်းချီကားများဖြစ်ပါတယ်၊

Las lanzas(Sp) La rendición de Breda(Fr) The Surrender of Breda, or The Lances(En)

ဘရီဒါမြို့လက်နက်ချခြင်း ပန်းချီကားကို ဗေးလက်စ်ကေးဟာ ၁၆၃၄ -၃၅ ခုမှာ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး The Eighty Years' War or Dutch War of Independence နှစ်ရှစ်ဆယ်စစ်ပွဲ (၁၅၆၈ - ၁၆၄၈) အတွင်းက စပိန်တပ်များ နယ်သာလန်နိုင်ငံ ဘရီဒါမြို့ကို တိုက်ခိုက်သိမ်းပိုက်ပုံကို ရေးဆွဲထားခြင်း ဖြစ်ပါတယ်၊ ဒေါ်ခင်မျိုးချစ်က သူ၏စာအုပ်ထဲမှာ ဒီလိုရေးသားထားပါတယ်၊

(ဤပန်းချီကားသည် လက်ရာပြောင်မြောက်လှသည်၊ ထိုမျှမကသေး တရားသဘော အဓိပ္ပါယ်နက်နဲသည်၊ စစ်ရှုံးသဖြင့် မြို့တံခါးတော်ကြီးကိုအပ်သူနှင့် လက်ခံသူအောင်နိုင်သူ စစ်သူကြီးတို့၏ အမူအရာမှာ ရသပြည့်ဝသည်၊ စစ်ရှုံးသူစစ်သူကြီးသည် အောက်ကျနောက်ကျ ပျော့ညံ့သော အမူအရာမရှိချေ၊ ဂုဏ်သိက္ခာနှင့် က္ကုနြေ္ဒရှိသည်၊ တည်ငြိမ်သော အသွင်ဆောင်သည်၊ အောင်နိုင်သူ စစ်သူကြီးသည် နိုင်လိုမင်းထက် အမူအရာ မရှိချေ၊ ကြင်နာသော အသွင်ရှိသည်၊ မေတ္တာရှေ့ရှုသော အမူအရာရှိသည်၊ ………. ဟူ၍ ရေးသားထားပါသည်၊)

ဒီပန်းချီကားများကို ယခုအခါ  စပိန်နိုင်ငံမဒရစ်မြို့ရှိ ဗဟိုအမျိုးသားအနုပညာ ပြတိုက်ကြီးဖြစ်တဲ့ Museo del Prado မှာ ပြသထားပါတယ်၊

ရောက်တတ်ရာရာအတိုအစများ

bottom of page