top of page

သာမန်လူသားတယောက်ရဲ့ ဘာတခုမှမထူးဆန်းလှတဲ့ ငယ်စဉ်ဘဝကနေ နေ့တဒူဝဖြတ်သန်းခဲ့ရတဲ့ အကြောင်းတွေကို ရေးချင်စိတ်တွေပေါ်လာမိလို့ သာမန်စာစီစာကုံးတစ်ပုဒ်ရေးသလိုဘဲ ရေးတတ်သလိုသာ တတ်သမျှသောမှတ်သမျှသော မြန်မာစာစကားလုံးများနဲ့ ရေးချမိခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ၊ မည်သူကိုမျှ တိုက်ရိုက်ရည်ညွန်းပြီး စော်ကားရေးခြင်း မဟုတ်ကြောင်းပါ၊ အကယ်၍သာ အကြောင်းတိုက်ဆိုင်၍ အနာပေါ်တုတ်ကျသလို တိုက်ဆိုင်သွားသူများ ဖတ်မိပါကလည်း ဆက်လက်ပြီးမဖတ်ဖို့သာ ပြောကြားလိုပါတယ်ခင်ဗျာ၊ ကိုယ့်အကြောင်း ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းခြင်းသာ ဖြစ်ပါတယ်၊ ငယ်စဉ်ဘဝဖြတ်သန်းခဲ့တဲ့အကြောင်းတွေ ရောက်ဖူးသွားဖူးနေဖူးခဲ့တဲ့ နေရာဒေသတွေ အခုလက်ရှိဖြတ်သန်းသွားလာနေရ တာတွေ ကိုယ်ရေးချင်ရာတွေကို မှတ်မိသလောက် ပြန်စဉ်းစားရမိသလောက် ပြန်ရှာတွေ့မိသလောက်ရေးချခြင်းပါ၊ အချို့သော အချက်အလက်များ အလွဲအမှားဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးများအကြောင်းလိုတော့ ဖတ်လို့ကောင်းမှာမဟုတ်သလို မှတ်သားစရာ အတုယူစရာလည်း များများစားစားပါရှိမှာ မဟုတ်ကြောင်း ဆောင်ရန်ထက် ရှောင်ရန်ကိစ္စတွေ ပိုလို့သာများမှာ ဖြစ်ပါကြောင်း ခင်ဗျာ၊

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်                                                                                     သခင်မောင်ရင်ငတေ

 



 

ရောက်တတ်ရာရာအတိုအစများ

© 2012 by JAMES JONES. No animals were harmed in the making of this site.

bottom of page