top of page

La Liseuse, စာဖတ်သူ

A Young Girl Reading,The Reader

စာဖတ်သူပန်ချီကားဟာ ဥရောပရဲ့ ၁၈ ရာစု ခေတ်ဦးပိုင်းအချိန် (The Age of Enlightenment) Les Lumières ဥာဏ်အလင်းခေတ်အတွင်းမှာ ထင်ရှားခဲ့တဲ့ ပြင်သစ်လူမျိုး ပန်းချီဆရာကြီးတဦးဖြစ်သူ ပြင်သစ်ပြည်တောင်ပိုင်း မြေထဲပင်လယ်ကမ်းခြေနဲ့ အီတလီနယ်စပ်အနီးမှာရှိတဲ့ Grasse ဂရာ့စ်    မြို့လေးမှာ မွေးဖွားခဲ့တဲ့  Jean-Honoré Nicolas Fragonard နီကိုလာ ဖရာဂိုနာ ( ၁၇၃၂ - ၁၈၀၆) ရေးဆွဲခဲ့တဲ့ ပန်ချီကားတချပ် ဖြစ်ပါတယ်၊ ပန်ချီဆရာကြီး နီကိုလာ ဖရာဂိုနာဟာ မိဘများနဲ့အတူ ငယ်စဉ်အရွယ် ၆ နှစ်သားဘဝမှာပင် ပါရီမြို့ကို ပြောင်းရွေ့ရောက်ရှိလာပြီး ပါရီမြို့မှာပင် ကွယ်လွန်ခဲ့ပါတယ်၊ သူရေးဆွဲတဲ့ ပန်ချီကားပေါင်း ၅၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းကြပါတယ်၊ ဒီပန်ချီကားကတော့ ၁၇၇၆ ခုနှစ် မတိုင်မီခန့်ကရေးဆွဲခဲ့တာဖြစ်ပြီး ဥာဏ်အလင်းခေတ်ကို အထူးပေါ်လွင် ထင်ရှားစေတဲ့ ပန်ချီကားတချပ်ဘဲ ဖြစ်ပါတယ်၊ ကန်ဗတ်စ်စပေါ်မှာ ရေးဆွဲထားတဲ့ ဆီဆေးကားတချပ်ဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်  ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ National Galery of Art ပြတိုက်မှာ ပြသထားတယ်လို့ ဆိုပါတယ်၊

 

ရောက်တတ်ရာရာအတိုအစများ

© 2012 by JAMES JONES. No animals were harmed in the making of this site.

bottom of page