top of page

ပါရီမြို့သား ပါရီမြို့ရောက် ပါရီမြို့ကိုဖြတ်သန်းသွားသော ကမ္ဘာတလွှား ဒေသအသီးသီးက ရောက်ရှိလာသူ စာပေ ဂီတ အနုပညာ အတွေးအခေါ် နိုင်ငံရေး နယ်ပယ်အမျိုးမျိုးမှာ နာမည်ကျော်ကြား ထင်ရှားခဲ့သူများရဲ့ ဘဝအကြောင်း အတိုချုပ်မှတ်တမ်းပါ၊

ပါရီမြို့ကိုဖြတ်သန်းသွားသူများ (၁)

Voltaire at the age of 24

François-Marie Arouet, Voltaire ဗော်တဲလ်ရ် (၁၆၉၄ ၁၇၇၈)

နာမည်ကျော် သမိုင်းဆရာ ကဗျာဆရာ ပြဇာတ်ရေးဆရာ ဝတ္ထုရေးဆရာ  စာရေးဆရာ အထေ့အငေါ့သရော်စာရေးသူ အတွေးအခေါ်ပညာရှင် ပါရီမြို့သား Voltaire ဗော်တဲလ်ရ် (၁၆၉၄ ၁၇၇၈) အသက် ၈၄ နှစ်မှာကွယ်လွန်ခဲ့ပါတယ်၊ ၁၇၂၆ ခုနှစ်မှာ သူ့ရဲ့စာအရေးကောင်းမှုကြောင့် ပြင်သစ်ပြည်ကနေ အင်္ဂလန်ကို ပြည်ပြေးဘဝနဲ့ ၃ နှစ်လောက် သွားရောက်နေခဲ့ရသူပါ၊  ၁၇၈၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပြင်သစ်တော်လှန်ရေးမှာ ဗော်တဲလ်ရ်၏ အယူအဆ အတွေးအခေါ်များကြောင့် တစ်စိတ်တစ်ဒေသ ပါဝင်သည်ဟု ဆိုကြပါတယ်၊

ယနေ့ခေတ် Quai Voltaire လမ်းဟု သူ့ကိုဂုဏ်ပြုခေါ်ဆိုထားသော ပါရီမြို့ စဲန်းမြစ်ကမ်းနဘေးက ဗော်တဲလ်ရ် နေထိုင်သွားရာ အိမ်အမှတ် ၂၇ ဖြစ်ပါတယ်၊

François-Marie Arouet, Voltaire ဗော်တဲလ်ရ် (၁၆၉၄ ၁၇၇၈)

Jean-Jacques Rousseau ရူးဆိုး (၁၇၁၂-၁၇၇၈)

Jean-Jacques Rousseau ရူးဆိုး (၁၇၁၂-၁၇၇၈)

ဗော်လ်တဲလရ်ထက် ၁၈ နှစ်ခန့် ငယ်သော်လည်း အသက် ၆၆ နှစ်အရွယ် ဗော်လ်တဲလရ်နဲ့တနှစ်ထဲ ကွယ်လွန်သွားခဲ့သူပါ၊ ပြင်သစ်စကားပြောဒေသ Genève ဂျီနဲဗ် (ဂျီနီဗာ) မြို့သားတဦးဖြစ်ပြီး ပါရီမြို့ကနေ ၂၈ မိုင်ဝေးတဲ့ Ermenonville မြို့လေးက ရဲတိုက်တခုမှာ ကွယ်လွန်ခဲ့ပါတယ်၊ စာရေးဆရာ ဂီတပညာရှင် အတွေးအခေါ်ပညာရှင်တဦးပါ၊ သူလည်းဘဲ ၁၇၆၅ ဝန်းကျင်မှာမှာ သုံးလေးနှစ်ခန့်မျှ အင်္ဂလန်သွားပြီး ခိုလှုံနေထိုင်ခဲ့ရပါတယ်၊ သူမကွယ်လွန်မီ ၁၇၇၄ ကနေ ၁၇၇၈ ခုနှစ်ထိ နောက်ဆုံးနေခဲ့တဲ့ နေရာကတော့ ပါရီမြို့လယ်က တစ်ရပ်ကွက်က သူနေထိုင်သွားတဲ့ အတွက် သူကိုဂုဏ်ပြုတဲ့အနေနဲ့ သူနာမည်ကို ပြောင်းလည်းမှည့်ခေါ်ခဲ့တဲ့ Rue Jean-Jacques-Rousseau ရုးဆိုးလမ်း အိမ်အမှတ် ၅၂ မှာ နေထိုင်ခဲ့တာပါ၊

 

ရောက်တတ်ရာရာအတိုအစများ

bottom of page