top of page

ပါရီစီးပွားရေးမြို့သစ် La Défense

ပါရီမြို့ရဲ့ အဟောင်းအနွမ်းတွေအကြောင်းတွေကိုဘဲ ပြောနေရေးနေလို့ ဒီတခါတော့ အပျင်းပြေ ပါရီမြို့တော်ကြီးရဲ့ စံပြမြို့သစ်အကြောင်းပြောကြရအောင်၊ စံပြမြို့သစ်ဆိုလိုက်လို့ လမ်းဘေးရေနှုတ်မြောင်းတောင်မှလုပ်လို့မပြီးသေး ဓါတ်မီးတိုင်မရှိ နွေအခါဖုန်တထောင်းထောင်းထ မိုးလေးတပြိုက်နှစ်ပြိုက် လောက်နဲ့  ရေလွှမ်းမိုးတတ်တဲ့ မောင်ရင်ငတေတို့ နိုင်ငံတော်သစ်ကြီးဆီက အထူးစပယ်ရှယ် စံပြမြို့သစ်အကြောင်းမျိုး မဟုတ်ပါဘူး၊ ဒီလိုမျိုးအစချီလိုက်လို့ ပြည်ပနိုင်ငံရောက် ပုဆိန်ရိုးတယောက်လို့ သတ်မှတ်ချင်သူများလည်း သတ်မှတ်နိုင်ပါတယ်၊ မောင်ရင်ငတေတို့ဘဝက မွေရပ်ဌာနေကို ဘာတခုမှ ကျေးဇူးမပြုဖူးပေမဲ့ မွေးရပ်မြေကိုဖျက်ဆီးရောင်းစားဖို့တော့ စိတ်နဲ့တောင်မကြံစည်ခဲ့ဖူးပါဘူး၊ နိုင်ငံခြားဖြစ်ဝီစကီအရက်ကို ပြည်တွင်းမှာသောက်ချင်တာထက် ပြည်တွင်းဖြစ် တောအရက်ကို နိုင်ငံခြားမှာဝယ်သောက်ချင်သူပါ၊

ရောက်တတ်ရာရာအတိုအစများ

© 2012 by JAMES JONES. No animals were harmed in the making of this site.

bottom of page